Pages

Subscribe:

Labels

  • C (2)
  • k (1)
  • U (1)

အလည်လာကြသူများ

free counters

Total Pageviews

About

Social Icons

Search this blog

Free Blogger Templates

Friday 14 September 2012

Comic Life

ကင်မရာတစ်လုံးရပြီး လက်တဲ့စမ်း ဟိုလျောက်ရိုက်၊ ဒီလျောက်ရိုက်နေသူတွေအကြိုက်ပေါ့။ ကျနော့် ဆိုနီ ကင်မရာလေးဆို ပျက်သာပျက်သွားကော..အနားကိုမရခဲ့ရှာဘူး။ တွေ့သမျှချိန်ရိုက်နေတဲ့ point and shoot
အော်တိုကင်မရာမဲန်းကြီးကိုး ခင်ဗျ။ ဘေးအိမ်က ကလေး မွေးနေ့လည်းဟက်ပီးဘတ်သ်ဒေး လက်ခုပ် ဝိုင်းတီးပြီး ရိုက်ပေးလိုက်တာပဲ။ အိမ်ကသောင်းကျန်းသူတွေ တိရိစ္ဆာန်ရုံပို့လည်း တွေ့ကရာ အကောင်နဲ့ တွဲပြီးအကုန်ရိုက်တာပဲ။ ရိုက်တော့ ဘာဖြစ်လာသလဲ ဆိုရင် လက်ရာတက်လာ တယ်ပေါ့ဗျာ။ ပြောချင်တာ က ရိုက်ထားတဲ့ ပုံတွေများလာတယ်ပေါ့။ သူများပုံတွေလေ...။ ကျနော့်ပုံလား ဘယ်ရှိမလဲ။
ကင်မရာမဲန်း မှာ ကိုယ့်ဓာတ်ပုံကိုယ် ရိုက်ခွင့်မရဘူးလေ။

ပုံတွေများလာတော့ ဒီအတိုင်း ဓာတ်ပုံကူးကူးနေရတာ ငြီးငွေ့လာတယ်ပေါ့ဗျာ။ ဒါနဲ့ အစမ်းထွင်တာပေါ့။ ဓာတ်ပုံလေးတွေ စုပြီး ကာတွန်း၊ ရုပ်ပြအယ်လ်ဘမ်လေးလို လုပ်ကြည့်ရင် ကောင်းမလား၊ ပြက္ခဒိန်လေးနဲ့ တွဲပြီးထုတ်ကြည့်ရင် ကောင်းမလား...စမ်းကြည့် တာပေါ့။ အဲတာနဲ့ လက်လှမ်းမှီရာ (မရမက)
လိုက်ရှာတော့ ကာတွန်း၊ ရုပ်ပြလုပ်တဲ့ ဆော့ဝဲလေး သွားတွေ့တယ်ခင်ဗျ။မိတ်ဆွေတို့ လည်း ကင်မရာရှိရင် စမ်းကြည့်လို့ ရတယ်။(အဲ...စကားမစပ်..ရန်ကုန်မှာ ကင်မရာ ဂျပန်ကျ? တွေ ဈေးတော်တော်ပေါတယ်နော်း
၂သောင်းနဲ့ တစ်လုံးရတယ်။)

အောက်က ဆော့ဝဲလေးဗျို...

Comic Life တဲ့ Plasq က ထုတ်တာလေ

အဲ့ဆော့ဝဲသာ ရှိရင် ကာတွန်းရုပ်ပြထုတ်ဘို့ ဘာလိုမလဲ။ ဓာတ်ပုံတွေရယ်ဒီဓာတ်ပုံတွေပေါ်မှာ ဆက်စပ်တဲ့ ဇတ်ညွှန်းလေးပဲ လိုမယ်။ ကျန်တာကကလိကြည့်ဘို့ပဲ ဒါက ကိုယ့်အပိုင်း။ တန်ဘိုးက ၂၉.၉၅ဒေါ်လာတဲ့။ ကျနော် ရှာကြံဆွဲချထားတာလေးတော့ ရှိတယ်။ လိုချင်ရင် ဗမာလိုရေးပြီး လက်တို့လိုက်။
၁၀မက်ကျော်ကျော်လေး။ ဒီမှာတော့ ငြိမှာစိုးလို့ အတက်မတွဲတော့ဘူး။

အောက်မှာ နမူနာအဖြစ် မေလကုန်တုန်းက အိခိဂျောတို့ မာဏဝဘေရီအဖွဲ့ရေသွားလှူစဉ်က တရားဝင်ထုတ်ပြန်ပေးထားတဲ့ ပုံလေးတွေကိုကာယကံရှင်များထံခွင့်တောင်းပြီး နမူနာ လုပ်ပြထားပါတယ်။ အားလုံး ၄မျက်နှာတည်း။ ကျန်တာတွေက လုပ်နည်းကို Tutorial အဖြစ် gif နဲ့လှုပ်ပြထားတာပါ..

IMAGES are courtesy of မာဏဝဘေရီ and respective persons ဇာတ်ညွှန်းကတော့ ညီလေး ကိုလွှမ်းမိုး ထက် တင်ထားတဲ့ ပို့စ်ကို အခြေခံထားပါတယ်။အချက်အလက်များကို RFM core-member မသိဂီမှ စစ်ဆေးပေးပါတယ်။

စာမျက်နှာ-၁

စာမျက်နှာ-၂

စာမျက်နှာ-၃

စာမျက်နှာ-၎

မိုက်တယ်နော်...အနည်းဆုံးတော့ ကိုယ့်ကလေး မွေးနေ့မှာ ဒီလို ထုတ်ပေးလိုက်ရင် သူတို့ ဘယ်လောက်ပျော်လိုက်မလဲ စဉ်းစားကြည့်ပါ။

အောက်ကတော့ ကျူတိုရီယယ်ပေါ့။ ပုံတွေကို ဆိုဒ်သိပ်မချုံ့ထားတော့ အတက်တော့ နှေးနေမယ်..။ ကွန်ပေါ်မူတည်မှာပေါ့လေ...။

စာမျက်နှာတစ်ခု ဒီလိုယူပါ။ လိုသလို အကွက်တွေ ချပါ။

ဒါက Caption (ခေါင်းစည်း) ထဲ့ပုံ

ဒါက ခေါင်းစည်းကို ညှိတာ

ဒါက အကွက်ထဲ ပုံထည့်တာ

ဒါက စာထည့်တာ...

ဒါက စကားပြောတွေ၊ အော်တာတွေ။ အတွေးတွေ ထည့်တာ (Call-out)

ဂလောက်ဆို လုပ်နည်းက တီးခေါက်မိပီပေါ့။ အသေးစိတ်ညှိချင်ရင် Details သာ ဖွင့်ကြည့်ဗျ..။ ညှိလို့ရတယ်။
လုပ်ပြီးပြီဆိုရင် ရလဒ်ကို Image နဲ့ Export သိမ်းလို့ ရတယ်။ Software ကို ဒီ မှာဒေါင်းပါ။
ရေးသားပြုစုသူ - /ဧးသိမ်း/

0 comments:

Post a Comment

No comments:

Post a Comment